တခါတလေ မိသားစုထဲမှာ ဟိုလူက အလုပ်အကိုင် မကောင်းလိုက်၊ ဒီလူက ကျန်းမာရေး ချူချာလိုက်၊ ဟိုလူက လူမှုရေးပြဿနာ ဖြစ်လိုက်၊ ဒီလူက မတော်တဆမှု ဖြစ်လိုက်နဲ့ တစ်အိမ်သာလုံး ကံနိမ့်သလို ဖြစ်တတ်ပါတယ်။ အဲ့လိုမျိုး အိမ်သူအိမ်သားတွေ တစ်ခုပီးတစ်ခု အညံ့အဆိုး ကြုံရတာကို အိမ်ပူတယ်လို့လည်း ခေါ်ကြပါတယ်။
အဲ့လိုမိသားစုလိုက် ကံနိမ့်တာမျိုးကို ဖြေရှင်းဖို့အတွက် လွယ်လွယ်ကူကူနဲ့ထိရောက်တဲ့ မြန်မာ့လက်ဆန်းဗေဒင် အစီအရင်လေးတစ်ခု ကျွန်တော် ဒီမှာ ပြောပြချင်ပါတယ်။ အဆိုပါ အစီအရင်ကို လက်တွေ့လုပ်ဆောင်ပြီးတော့ ဘေးကင်းရန်ကွာပြီး ကောင်းကျိုးချမ်းသာ ဖြစ်ထွန်းသွားတဲ့သူတွေ များစွာ ရှိပါတယ်။
ဒါအတွက် နည်းလမ်းက… သံပုရာသီးအစိမ်းလှလှတစ်လုံးကို အိမ်အဝင်အထွက် တံခါးမကြီးရဲ့အပေါ်တန်းမှာ သံနဲ့ကပ် ရိုက်ထားလိုက်ရုံပါပဲ။ ရိုက်လို့အဆင်မပြေတဲ့ အနေထားမျိုးကျရင် တိပ်နဲ့သာ အဆင်ပြေအောင် ကပ်ထားနိုင်ပါတယ်။ (၉) ရက်တိတိထားပြီးရင် ရေမှာ မျှောလိုက်ပါ။ အိမ်အပူတွေ အေးချမ်းသွားပါလိမ့်မယ်။
ဒီမှာအရေးကြီးတာက စတင်လုပ်ရမယ့် နေ့ရက်ဟာ အမြိတ္တစုတ်ရက် ဖြစ်ရပါမယ်။ ဆိုတော့ အမြိတ္တစုတ်ရက် ဆိုတာ နည်းနည်း ရှင်းလင်းဖို့လိုလာပါတယ်။
အဲ့လိုတိုက်ဆိုင်တဲ့ရက်တွေကို အမြိတ္တစုတ်ရက်လို့ သတ်မှတ်ပါတယ်။ တစ်လမှာ အမြိတ္တစုတ် ၂ရက် ၃ရက် ရှိတတ်ပါတယ်။ အနီးစပ်ဆုံးပြောရရင် လာမယ့် တန်ဆောင်မုန်းလဆန်း ၄ ရက် (Oct 27, 2022) ဟာ ကြာသပတေးနေ့နဲ့ တိုက်ဆိုင်တဲ့အတွက် အမြိတ္တစုတ် ကြုံတဲ့နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ အထက်ပါအတိုင်း အစီအရင် ပြုနိုင်ပါတယ်။ မိသားစုအပေါင်း ပူလောင် ဆင်းရဲခြင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ကြပါစေ….
ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)


