================================
“ဘာလုပ်လုပ်အဆင်မပြေဘူးဆရာ…ဒီရက်ပိုင်းအသက်ရှင်ချင်စိတ်တောင်မရှိတော့ဘူး”
“စျေးရောင်းမကောင်းတာ လနဲ့ချီပြီဆရာ….ဆက်သွားရင်ဆိုင်ပိတ်တော့မယ့်အနေထားပဲ”
“ကျနော် နိုင်ငံခြားထွက်ဖို့ လုပ်နေတာ နှစ်နဲ့ချီနေပြီဆရာရေ… ဒီတစ်သက်နိုင်ငံခြား ရောက်ပါဦးမလား…စိတ်ဓာတ်တေလည်းကျနေပြီ…”
“ကျနော်ခုရက်ပိုင်း ကံဆက်တိုက်နိမ့်နေသလိုပဲဆရာ…ဘာလုပ်လုပ် ပြဿနာပေါင်းစုံဖြစ်နေတယ်”
မကြာခဏ ဆိုသလို ကြားရတတ်သော အဆင်မပြေမှုအသံများပင်ဖြစ်သည်။ လူ့ဘောင်လောကီကိစ္စများတွင် ရံဖန်ရံခါ လောကဓံတရား၏ နှိပ်စက်မှုတို့ကြုံရသည့် အခါမျိုးတွင် အားကိုးရှာတတ်ကြသော လူ့သဘာ၀အရ ထွက်ပေါက်ကို ရှာဖွေကြရ ပေတော့သည်။
ဆရာသခင်များထံ နှစ်ပေါင်းများစွာ သင်ယူလေ့လာဆည်းပူးခဲ့သောပညာရပ်ဖြင့် အများစု၏ အခက်အခဲအချို့ကို တတ်နိုင်သောဘက်မှ အတိုင်းအတာတစ်ခုထိတော့ လမ်းညွန်ကူညီပေးဖြစ်ခဲ့ဖူးသည်။
အထက်ပါကဲ့သို့ ဘေးကျပ်နံကျပ် ထွက်ပေါက်ပိတ်နေသော ကာလများတွင် ကျနော်လမ်းညွန်လေ့ရှိတတ်ခဲ့သော ဂါထာကျင့်စဉ်တစ်ခုကို ဖော်ပြပေးလိုက်ပါသည်။ ယုံကြည်သူများအတွက် အမှန်တကယ်အသုံး၀င်စေမည့် လက်တွေ့ကောင်းကျိုးများစွာဖြစ်ထွန်းခဲ့သော ကျင့်စဉ်တစ်ခုဖြစ်ပါသည်။
***ပထမဦးစွာ အနီးစပ်ဆုံးမိမိမွေးနေ့တွင် တလျော်ကင်ပွန်းဖြင့် ခေါင်းဆေး ခေါင်းလျော်ပြုရပါမည်။ အဓိဌာန်ကို ၄င်းမွေးနေ့ည ၉း၀၀ မှ ၉း၀၆ အတွင်း စ၍ ၉ ရက်တိတိစတင်၀င်ရောက် ရပါမည်။ နောက်ရက်များတွင်အချိန် ရွေးစရာမလိုပါ***
ဂါထာကို အောက်တွင် ပုံနှင့်တကွဖော်ပြထားပါသည်။
၄င်းဂါထာကို ဦးစွာနှုတ်တိုက်ရအောင် ကျက်ထားရပါမည်။ ထို့နောက် မိမိမွေးနေ့မနက်တွင် တရော်ကင်ပွန်းဖြင့် ခေါင်းဆေးခေါင်းလျော်ပြီး ညဘက် သတ်မှတ်ထားသော အချိန်တွင် စတင်၍ ၁၀၈ လုံးပုတီးဖြင့် ပုတီးတစ်ပတ်စိပ်ရပါမည်။ ၉ညဆက်တိုက် စိပ်ရမည်ဖြစ်ပါသည်။ လွန်စွာကြီးမားသော ကံပိတ်နေသူများအတွက် ၉ ရက်ကို ၃ကြိမ်ဆက်တိုက်၀င်ခြင်းဖြင့် ကံများပြန်လည်ပွင့်လန်းလာစေပါမည်။ အဓိဌာန်ပုတီးစိပ်နေစဉ်ကာလများအတွင်း အရက်သေစာရှောင်ကျဉ်ခြင်း၊ အမဲသားမစားသုံးခြင်း၊ ကာမေသုကံရှောင်ကြဉ်ခြင်းဖြင့် လျှင်မြန်သောအကျိုးထူးများ ခံစားနိုင်ကြပါစေ….
#အနက်အဓိပ္ပါယ်နှင့် သမိုင်းကြောင်းအကျဉ်းကို ကွန်းမန့်တွင်ဖော်ပြပေးလိုက်ပါသည်...
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ.....
ဆရာလင်းဝေအောင်



