မြန်မာ့လက်ဆန်းဗေဒင်ပညာတွင် ကံဇာတာနိမ့်ပါးလွယ်သော၊ အထူးသဖြင့် ဘေးရန် အန္တရာယ်များတတ်သော အသက်ပိုင်းများဟူ၍ ရှိပါသည်။ ၄င်းအသက်ပိုင်းများတွင် သွားသတိ၊ လာသတိ ရှိရန် လိုအပ်သည်။ မလိုအပ်သော ထိခိုက်မှုဘေး၊ ရုတ်တရက်ကျရောက်တတ်သော အန္တရာယ်များ ရှိလာတတ်ပေရာ အစစအရာရာ သတိပေါ့ဆ၍ မနေသင့်ပဲ သတိနှင့်ယှဉ်၍ ပြောဆို နေထိုင် သွားလာသင့်သော အသက်ပိုင်းများ ကို ကြိုတင်တွက်ဆ ရှောင်ရှားနိုင်ရန် ဖော်ပြပေးပါမည်။
နေ့သားအလိုက် အသက်မှန်ကုန် ဦးစွာသိရန်လိုအပ်ပါသည်။ အသက်မှန်ဟူသည် မိမိပြည့်ပြီးသော အသက်ထက် တစ်နှစ်တိုးယူရပါသည်။ ဥပမာ- အသက် ၃၀ ပြည့်ပြီးသူဆိုက ၃၁ နှစ်၊ ၃၁ နှစ်ပြည့်ပြီးသူဆိုက ၃၂ စသဖြင့် အသက်မှန်ကို သိရပါမည်။
၄င်းကဲ့သို့ အသက်မှန်ကို သိပြီးပါက နေ့သားအလိုက် မိမိအသက်ကို (၇)ဖြင့်စားပါက အကြွင်းအလိုက် နေ့ဖွားအလိုက်ကွဲခြားသွားပါမည်။
- တနင်္ဂနွေနေ့ဖွားများ အသက်ကိုတည် (၇)ဖြင့်စားပြီး ၂-ကြွင်းသောအသက်ပိုင်းများ…ဖြစ်သည့် ၁၆နှစ်၊ ၂၃နှစ်၊ ၃၀နှစ်၊ ၃၇နှစ်၊ ၄၄နှစ်၊ ၅၁နှစ်၊ ၅၈နှစ်…စသည်နှစ်များ…
-တနင်္လာနေ့ဖွားများ အသက်ကိုတည် (၇)ဖြင့်စားပြီး ၃-ကြွင်းသောအသက်ပိုင်းများ…ဖြစ်သည့် ၁၇နှစ်၊ ၂၄နှစ်၊ ၃၁နှစ်၊ ၃၈နှစ်၊ ၄၅နှစ်၊ ၅၂နှစ်၊ ၅၉နှစ်…စသည်နှစ်များ…
-အင်္ဂါနေ့ဖွားများ အသက်ကိုတည် (၇)ဖြင့်စားပြီး ၄-ကြွင်းသောအသက်ပိုင်းများ..ဖြစ်သည့် ၁၈နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၉နှစ်၊ ၄၆နှစ်၊ ၅၃နှစ်၊ ၆၀နှစ်…စသည်များ….
-ဗုဒ္ဓဟူးနေ့ဖွားများ အသက်ကိုတည် (၇)ဖြင့်စားပြီး ၅-ကြွင်းသောအသက်ပိုင်းများ…ဖြစ်သည့် ၁၉နှစ်၊ ၂၆နှစ်၊ ၃၃နှစ်၊ ၄၀နှစ်၊ ၄၇နှစ်၊ ၅၄နှစ်၊ ၆၁ နှစ်…စသည်များ….
-ကြာသပတေးနေ့ဖွားများ အသက်ကိုတည် (၇)ဖြင့်စားပြီး ၆-ကြွင်းသော အသက်ပိုင်းများ…ဖြစ်သည့် ၂၀နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊ ၅၅နှစ်…စသည်များ….
-သောကြာနေ့ဖွားများ အသက်ကိုတည် (၇)ဖြင့်စားပြီး ၀- ကြွင်းသောအသက်ပိုင်းများ ..ဖြစ်သည့် ၂၁နှစ်၊ ၂၈နှစ်၊ ၃၅နှစ်၊ ၄၂နှစ်၊ ၄၉နှစ်၊ ၅၆နှစ်…စသည်များ…
-စနေနေ့ဖွားများ အသက်ကိုတည်ပြီး (၇)ဖြင့်စားပြီး ၁-ကြွင်းသောအသက်ပိုင်းများ..ဖြစ်သည့် ၂၂နှစ်၊ ၂၉နှစ်၊ ၃၆နှစ်၊ ၄၃နှစ်၊ ၅၀နှစ်၊ ၅၇နှစ်…စသည်များ…
နေ့သားအလိုက် (၇)ဖြင့်စား၍ ၄င်းအသက်ပိုင်းများတွင် အစစအရာရာသတိဖြင့် သွားလာလုပ်ကိုင် လှုပ်ရှားပြောဆိုသင့်ပေသည်။ ၄င်းအသက်ပိုင်းတွင် ကျရောက်သူတိုင်း ဘေးရန်အန္တရာယ်မဖြစ်လင့်ကစား ဘေးရန်အန္တရာယ်ကျရောက်သူ အများစုသည် ၄င်းအသက်ပိုင်းများတွင် ဖြစ်လေ့ဖြစ်ထရှိတတ်ပေရာ မြန်မာ့လက်ဆန်းကိန်းအရ သတိထားရန်ဖော်ပြပေးလိုက်ပါသည်။
ယတြာအနေဖြင့်လုပ်ဆောင်လိုသူများအနေဖြင့် ၄င်းကာလများတွင် အိပ်ယာနေရာရွှေ့ပြောင်းအိပ်စက်ခြင်းမကြာခဏပြုပေးခြင်း၊ ဘာသာရေး ကုသိုလ်ရေးများ မကြာခဏလုပ်ဆောင်ခြင်းဖြင့် မကောင်းသော ဘေးရန်အန္တရာယ်အပေါင်းမှကင်းဝေးကြပါစေသော်….
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင်
3.6.2022

