Monday, August 21, 2023

*** ဣစ္ဆာသယဆွမ်းကပ်လှူနည်း ***


နေ့သားအလိုက် မိမိမွေးနေ့မနက် အာရုဏ်တက်ချိန်တွင် ဆောင်ရွက်ရပါမည်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့် ဝိဇ္ဇာပုဂ္ဂိုဟ်ကြီးများအား ဆွမ်းကပ်လှူခြင်းဖြစ်သည်။ ဆွမ်း ၉-ပွဲပြင်ဆင်ရမည်။ ဆွမ်း တစ်ပွဲစီတွင် အုန်းသီး တစ်စိပ်၊ သကြားတစ်ဇွန်း၊ ဆီဆိမ်လက်ဖက်တစ်ပုံ၊ အခွံနွှာငှက်ပျောသီးတစ်လုံးဖြင့် ဆွမ်းပွဲပြင်ရပါမည်။ ဆွမ်း တစ်ပွဲစီ၏ဘေးတွင် သောက်တော်ရေ ၁ခွက်စီပါ ပြင်ဆင်လှူဒါန်းပါ။

ပြီးလျှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအတွက် လှူဒါန်းသော ဆွမ်းပွဲဘေးတွင် ဖယောင်းတိုင်အကြီးတစ်တိုင် ထွန်းညှိပူဇော်ပါ။ကျန် ဝိဇ္ဇာပွဲ ၈ပွဲဘေးတွင် ဖယောင်းတိုင် အသေးတစ်တိုင်စီလှူဒါန်းပါ။ ပြီးလျှင် ဆွမ်း တစ်ပွဲစီကို နှစ်ဖက်ဖြင့် ကိုင်မြှောက်ပြီး လိုရာဆုတောင်းရပေမည်။

ဆုတောင်းရာတွင် စနစ်တကျသတ်မှတ်ထားသည့် အောက်ပါအတိုင်း ဆုတောင်းရန်ဖြစ်ပါသည်။

“အိုဘုရား… ပစ္စေကဗုဒ္ဓါ ရဟန္တာလည်း ပညာဓိက သဒ္ဒါဓိက ဝိရိယဓိကတည်းဟူသော ပုဗ္ဗေနိဝါသဥာဏ် ဒိဗ္ဗစက္ခုဥာဏ် အာသ၀က္ခယဥာဏ် ဤဥာဏ်တော် ၃ပါးဖြင့် ဘုရားသခင် စေတော်မူသည်… အိုဝိဇ္ဇာဒိဝိဇ္ဇာ သဗ္ဗဝိဇ္ဇာဧဟိ စတုသမ္ဘန္နဝိဇ္ဇာ ဆေးဝိဇ္ဇာ ပြဒါးဝိဇ္ဇာ သံဝိဇ္ဇာ အင်းဝိဇ္ဇာ စမဝိဇ္ဇာ မနောမယဝိဇ္ဇာ ဝိဇ္ဇာအပေါင်းထောင်သောင်းလာ၍ အကျွန်ုပ် (…..) သားအား တစ်နေ့မပြတ် စောင့်ရှောက်မစတော်မူပါ ” ဟု (၃)ကြိမ်ရွတ်ဆိုရမည်။

ဤသို့ဆောင်ရွက်ခြင်းဖြင့် ခက်ခဲနေသောလုပ်ငန်းစီးပွားများ ပြန်လည်လည်ပတ်မှုရှိလာပြီး ကံကောင်းခြင်း စီးပွားတိုးတက်ခြင်းများရရှိပါစေသော်…

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

#ဆရာလင်းဝေအောင်

၁၆.၄.၂၀၂၀

ဥစ္စာစီးပွားတိုး လာဘ်ခေါ်ဆန်မန်းအစီအရင်

  ---------------------------------------------------- နေ့စဉ်ဖြတ်သန်းနေရသော ဘဝတွင် ငွေကြေးအတွက်ပူပန်ကြောင့်ကြမှုများ ရှိနေကြတတ်သည်မှာ အမှန်ပ...