Monday, August 21, 2023

ဥစ္စာစီးပွားတိုး လာဘ်ခေါ်ဆန်မန်းအစီအရင်

 



----------------------------------------------------

နေ့စဉ်ဖြတ်သန်းနေရသော ဘဝတွင် ငွေကြေးအတွက်ပူပန်ကြောင့်ကြမှုများ ရှိနေကြတတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ရစရာရှိသည်များမရ ပေးစရာရှိသည်များ မပေးနိုင်၊ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်ရင်း ငွေကြေးကြပ်တည်းခက်ခဲနေသော ကိစ္စများအတွက် မြန်မာ့ရိုးရာဗေဒင်ပညာရပ်လာ ရှေးဆရာသခင်ကြီးများ အသုံးပြုခဲ့သော နည်းလမ်းများထဲမှ ငှက်စာကျွေးအစီအရင်ကို ဖော်ပြပေးပါမည်။ 

အမဲသားမစားသူများ ကံငါးပါး မကျူးလွန်သူများအတွက်ပိုမိုအစွမ်းထက်သိသာပါလိမ့်မည်။ ဤအစီအရင်သည် တစ်ကြိမ်လုပ်ပါက ၇-ရက်ဆက်တိုက် ဆောင်ရွက်ရပါမည်။ ၇-ရက်ဆက်တိုက်လုပ်ပြီး မိမိအဆင်ပြေသောရက်မှ နောက်တစ်ကြိမ် ပြန်လည်စတင်ရပါမည်။ 

တနင်္ဂနွေနေ့ဖွားများသည် စနေနေ့တွင်စတင်လုပ်ဆောင်ပါ။ 

တနင်္လာနေ့ဖွားများသည် ကြာသပတေးနေ့တွင်စတင်လုပ်ပါ။ 

အင်္ဂါနေ့ဖွားများသည် ဗုဒ္ဓဟူးနေ့တွင် စတင်လုပ်ပါ။ 

ဗုဒ္ဓဟူးနေ့ဖွားများသည် အင်္ဂါနေ့တွင်စတင်လုပ်ဆောင်ပါ။ 

ကြာသပတေးနေ့ဖွားများသည် တနင်္လာနေ့တွင်စတင်လုပ်ဆောင်ပါ။ 

သောကြာနေ့ဖွားများသည် ဗုဒ္ဓဟူးနေ့တွင်စတင်လုပ်ဆောင်ပါ။ 

စနေနေ့ဖွားများသည် တနင်္ဂနွေနေ့တွင်စတင်လုပ်ဆောင်ပါ။ 

လုပ်ဆောင်ရမည်မှာ - ဆန်လက်တစ်ဆုပ်ကို ယူပြီး စကော (သို့) လင်ပန်းတွင်းထည့်ပါ။ အောက်ပါဂါထာမန္တာန်ဖြင့် ၇-မန်းရပါမည်။ 

“ဥုံ သစ်တစ်ပင်ကောင်းငှက်တစ်သောင်းနားသတည်း…ဘုမ္မာဒေ၀ ဓနဥစ္စာပို၍လာသတည်း”

ထို့နောက် ယင်း စကော (သို့) လင်ပန်းတွင်းမှဆန်များကို အိမ်ရှေ့တွင်ချ၍ ငှက်စာကျွေးရပါမည်။ ငှက်စာကျွေးပြီး ကျန်သောဆန်စေ့များကို “ငွေအိုးမြုပ်သည်” ဟုပါးစပ်မှပြောကာ မိမိအိမ်ဥရူတိုင်ချေတွင်မြုပ်ရပါမည်။ တိုက်ဖြင့်နေသူများအတွက် မိမိအိမ်ဥရူတိုင်ခြေနေရာတွင် မြေအိုးအသေးတစ်လုံးထဲတွင် သဲမြေထည့်ပြီး “ငွေအိုးမြုပ်သည်” ဟုပြောပြီး မြုပ်နိုင်သည်။ 

ထိုကဲ့သို့ ၇-ရက်ဆက်တိုင်လုပ်ဆောင်ခြင်းဖြင့် လာဘ်လာဘပွင့်လန်းခြင်း၊ ကူညီမစမည့်သူပေါ်ပေါက်ခြင်း၊ ငွေကြေးအခက်အခဲဒုက္ခလွတ်မြောက်ခြင်းများ ဖြစ်ထွန်းလာပေမည်။ 

အားလုံးသော ၇-ရက်သားသမီးများ ငွေကြေးအခက်အခဲဒုက္ခများမှ လွတ်မြောက်နိုင်ကြပါစေသတည်း….

***ကူးယူဖော်ပြခြင်းခွင့်မပြုပါ။**

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

ဆရာလင်းဝေအောင်

1.9.2022

*** ဣစ္ဆာသယဆွမ်းကပ်လှူနည်း ***


နေ့သားအလိုက် မိမိမွေးနေ့မနက် အာရုဏ်တက်ချိန်တွင် ဆောင်ရွက်ရပါမည်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့် ဝိဇ္ဇာပုဂ္ဂိုဟ်ကြီးများအား ဆွမ်းကပ်လှူခြင်းဖြစ်သည်။ ဆွမ်း ၉-ပွဲပြင်ဆင်ရမည်။ ဆွမ်း တစ်ပွဲစီတွင် အုန်းသီး တစ်စိပ်၊ သကြားတစ်ဇွန်း၊ ဆီဆိမ်လက်ဖက်တစ်ပုံ၊ အခွံနွှာငှက်ပျောသီးတစ်လုံးဖြင့် ဆွမ်းပွဲပြင်ရပါမည်။ ဆွမ်း တစ်ပွဲစီ၏ဘေးတွင် သောက်တော်ရေ ၁ခွက်စီပါ ပြင်ဆင်လှူဒါန်းပါ။

ပြီးလျှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအတွက် လှူဒါန်းသော ဆွမ်းပွဲဘေးတွင် ဖယောင်းတိုင်အကြီးတစ်တိုင် ထွန်းညှိပူဇော်ပါ။ကျန် ဝိဇ္ဇာပွဲ ၈ပွဲဘေးတွင် ဖယောင်းတိုင် အသေးတစ်တိုင်စီလှူဒါန်းပါ။ ပြီးလျှင် ဆွမ်း တစ်ပွဲစီကို နှစ်ဖက်ဖြင့် ကိုင်မြှောက်ပြီး လိုရာဆုတောင်းရပေမည်။

ဆုတောင်းရာတွင် စနစ်တကျသတ်မှတ်ထားသည့် အောက်ပါအတိုင်း ဆုတောင်းရန်ဖြစ်ပါသည်။

“အိုဘုရား… ပစ္စေကဗုဒ္ဓါ ရဟန္တာလည်း ပညာဓိက သဒ္ဒါဓိက ဝိရိယဓိကတည်းဟူသော ပုဗ္ဗေနိဝါသဥာဏ် ဒိဗ္ဗစက္ခုဥာဏ် အာသ၀က္ခယဥာဏ် ဤဥာဏ်တော် ၃ပါးဖြင့် ဘုရားသခင် စေတော်မူသည်… အိုဝိဇ္ဇာဒိဝိဇ္ဇာ သဗ္ဗဝိဇ္ဇာဧဟိ စတုသမ္ဘန္နဝိဇ္ဇာ ဆေးဝိဇ္ဇာ ပြဒါးဝိဇ္ဇာ သံဝိဇ္ဇာ အင်းဝိဇ္ဇာ စမဝိဇ္ဇာ မနောမယဝိဇ္ဇာ ဝိဇ္ဇာအပေါင်းထောင်သောင်းလာ၍ အကျွန်ုပ် (…..) သားအား တစ်နေ့မပြတ် စောင့်ရှောက်မစတော်မူပါ ” ဟု (၃)ကြိမ်ရွတ်ဆိုရမည်။

ဤသို့ဆောင်ရွက်ခြင်းဖြင့် ခက်ခဲနေသောလုပ်ငန်းစီးပွားများ ပြန်လည်လည်ပတ်မှုရှိလာပြီး ကံကောင်းခြင်း စီးပွားတိုးတက်ခြင်းများရရှိပါစေသော်…

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

#ဆရာလင်းဝေအောင်

၁၆.၄.၂၀၂၀

ထွက်ပေါက်ပိတ်နေသူများအတွက် အစွမ်းထက်ဂါထာတစ်ပုဒ်



================================


“ဘာလုပ်လုပ်အဆင်မပြေဘူးဆရာ…ဒီရက်ပိုင်းအသက်ရှင်ချင်စိတ်တောင်မရှိတော့ဘူး”


“စျေးရောင်းမကောင်းတာ လနဲ့ချီပြီဆရာ….ဆက်သွားရင်ဆိုင်ပိတ်တော့မယ့်အနေထားပဲ”


“ကျနော် နိုင်ငံခြားထွက်ဖို့ လုပ်နေတာ နှစ်နဲ့ချီနေပြီဆရာရေ… ဒီတစ်သက်နိုင်ငံခြား ရောက်ပါဦးမလား…စိတ်ဓာတ်တေလည်းကျနေပြီ…”


“ကျနော်ခုရက်ပိုင်း ကံဆက်တိုက်နိမ့်နေသလိုပဲဆရာ…ဘာလုပ်လုပ် ပြဿနာပေါင်းစုံဖြစ်နေတယ်”


မကြာခဏ ဆိုသလို ကြားရတတ်သော အဆင်မပြေမှုအသံများပင်ဖြစ်သည်။ လူ့ဘောင်လောကီကိစ္စများတွင် ရံဖန်ရံခါ လောကဓံတရား၏ နှိပ်စက်မှုတို့ကြုံရသည့် အခါမျိုးတွင် အားကိုးရှာတတ်ကြသော လူ့သဘာ၀အရ ထွက်ပေါက်ကို ရှာဖွေကြရ ပေတော့သည်။


ဆရာသခင်များထံ နှစ်ပေါင်းများစွာ သင်ယူလေ့လာဆည်းပူးခဲ့သောပညာရပ်ဖြင့် အများစု၏ အခက်အခဲအချို့ကို တတ်နိုင်သောဘက်မှ အတိုင်းအတာတစ်ခုထိတော့ လမ်းညွန်ကူညီပေးဖြစ်ခဲ့ဖူးသည်။


အထက်ပါကဲ့သို့ ဘေးကျပ်နံကျပ် ထွက်ပေါက်ပိတ်နေသော ကာလများတွင် ကျနော်လမ်းညွန်လေ့ရှိတတ်ခဲ့သော ဂါထာကျင့်စဉ်တစ်ခုကို ဖော်ပြပေးလိုက်ပါသည်။ ယုံကြည်သူများအတွက် အမှန်တကယ်အသုံး၀င်စေမည့် လက်တွေ့ကောင်းကျိုးများစွာဖြစ်ထွန်းခဲ့သော ကျင့်စဉ်တစ်ခုဖြစ်ပါသည်။


***ပထမဦးစွာ အနီးစပ်ဆုံးမိမိမွေးနေ့တွင် တလျော်ကင်ပွန်းဖြင့် ခေါင်းဆေး ခေါင်းလျော်ပြုရပါမည်။ အဓိဌာန်ကို ၄င်းမွေးနေ့ည ၉း၀၀ မှ ၉း၀၆ အတွင်း စ၍ ၉ ရက်တိတိစတင်၀င်ရောက် ရပါမည်။ နောက်ရက်များတွင်အချိန် ရွေးစရာမလိုပါ***


ဂါထာကို အောက်တွင် ပုံနှင့်တကွဖော်ပြထားပါသည်။

၄င်းဂါထာကို ဦးစွာနှုတ်တိုက်ရအောင် ကျက်ထားရပါမည်။ ထို့နောက် မိမိမွေးနေ့မနက်တွင် တရော်ကင်ပွန်းဖြင့် ခေါင်းဆေးခေါင်းလျော်ပြီး ညဘက် သတ်မှတ်ထားသော အချိန်တွင် စတင်၍ ၁၀၈ လုံးပုတီးဖြင့် ပုတီးတစ်ပတ်စိပ်ရပါမည်။ ၉ညဆက်တိုက် စိပ်ရမည်ဖြစ်ပါသည်။ လွန်စွာကြီးမားသော ကံပိတ်နေသူများအတွက် ၉ ရက်ကို ၃ကြိမ်ဆက်တိုက်၀င်ခြင်းဖြင့် ကံများပြန်လည်ပွင့်လန်းလာစေပါမည်။ အဓိဌာန်ပုတီးစိပ်နေစဉ်ကာလများအတွင်း အရက်သေစာရှောင်ကျဉ်ခြင်း၊ အမဲသားမစားသုံးခြင်း၊ ကာမေသုကံရှောင်ကြဉ်ခြင်းဖြင့် လျှင်မြန်သောအကျိုးထူးများ ခံစားနိုင်ကြပါစေ….


#အနက်အဓိပ္ပါယ်နှင့် သမိုင်းကြောင်းအကျဉ်းကို ကွန်းမန့်တွင်ဖော်ပြပေးလိုက်ပါသည်...

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ.....






ဆရာလင်းဝေအောင်

*ဘေးရန်အန္တရာယ် သတိထားသင့်သောအသက်ပိုင်းများ*

 




 မြန်မာ့လက်ဆန်းဗေဒင်ပညာတွင် ကံဇာတာနိမ့်ပါးလွယ်သော၊ အထူးသဖြင့် ဘေးရန် အန္တရာယ်များတတ်သော အသက်ပိုင်းများဟူ၍ ရှိပါသည်။ ၄င်းအသက်ပိုင်းများတွင် သွားသတိ၊ လာသတိ ရှိရန် လိုအပ်သည်။ မလိုအပ်သော ထိခိုက်မှုဘေး၊ ရုတ်တရက်ကျရောက်တတ်သော အန္တရာယ်များ ရှိလာတတ်ပေရာ အစစအရာရာ သတိပေါ့ဆ၍ မနေသင့်ပဲ သတိနှင့်ယှဉ်၍ ပြောဆို နေထိုင် သွားလာသင့်သော အသက်ပိုင်းများ ကို ကြိုတင်တွက်ဆ ရှောင်ရှားနိုင်ရန် ဖော်ပြပေးပါမည်။ 

နေ့သားအလိုက် အသက်မှန်ကုန် ဦးစွာသိရန်လိုအပ်ပါသည်။ အသက်မှန်ဟူသည် မိမိပြည့်ပြီးသော အသက်ထက် တစ်နှစ်တိုးယူရပါသည်။ ဥပမာ- အသက် ၃၀ ပြည့်ပြီးသူဆိုက ၃၁ နှစ်၊ ၃၁ နှစ်ပြည့်ပြီးသူဆိုက ၃၂ စသဖြင့် အသက်မှန်ကို သိရပါမည်။ 

🙏လာဘ်ရွှင်ငွေဝင်အောင်မုဆိုးရွှေအိုးရကိန်းအချိန်မှာပုတီးစိပ်ပါ.🙏


သာမညဆရာတော် ဘုရားကြီးချီးမြှင့်ခဲ့သော အချိန်အခါ ရွေးနည်းတွင် နေ့တစ်နေ့ကို အချိန်အပိုင်းအခြားအလိုက် ကောင်းသောအချိန်နှင့် မကောင်းသောအချိန် အကြမ်းဖျင်းခွဲခြားထားပါသည်။

ငွေကြေးဓနနနှင့် ဆိုင်သော စန်းနက္ခတ်တို့ ဖြစ်ထွန်းအားကောင်းသော *မုဆိုးရွှေအိုးရကိန်း*အချိန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

တနင်္ဂနွေနေ့တွင် နံနက် ၁၀နာရီ ၄၉မိနစ်မှ နေ့လည် ၁နာရီ ၁၂မိနစ်အတွင်း

တနင်္လာနေ့တွင် နေ့လည် ၁နာရီ ၁၃မိနစ်မှ ညနေ ၃နာရီ၃၆ မိနစ် အတွင်း

အင်္ဂါနေ့တွင် ညနေ ၃နာရီ ၃၇မိနစ်မှ ညနေ ၆နာရီအတွင်း

ဗုဒ္ဓဟူးနေ့တွင် နံနက် ၆နာရီမှ နံနက် ၈နာရီ ၂၄မိနစ်အတွင်း

ကြာသာပတေးနေ့တွင် နံနက် ၈နာရီ ၂၅မိနစ်မှ နံနက် ၁၀နာရီ ၄၈မိနစ်အတွင်း

သောကြာနေ့တွင် နံနက် ၁၀နာရီ ၄၉မိနစ်မှ နေ့လည် ၁နာရီ ၁၂မိနစ်အတွင်း

စနေနေ့တွင် နေ့လည် ၁နာရီ ၁၃မိနစ်မှ ညနေ ၃နာရီ ၃၆မိနစ်အတွင်းစိပ်ရမည့် ဂါထာ

ဥုံ အရဟံ လာဘံ သိဒ္ဓိ

ဂါထာကို မုဆိုးရွှေအိုးရကိန်း အချိန်များအတွင်း 108လုံး ပုတီးဖြင့် ၃ပတ်စိပ်ပါ။ခုနှစ်ရက်ပြည့်အောင် စိပ်ပါ။

ငွေကြေးနှင့်ပတ်သက်၍ လာဘ်ပိတ်သူကို လာဘ်ပွင့်စေသည်။အလုပ်အကိုင် အဆင်ပြေစေသည်။

စျေးရောင်းစျေးဝယ်၍ ကောင်းစေသည်။ အလုပ်အတွင်း အတိုက်အခံ အနှောက်အယှက် ကင်းစေသည်။ ရာထူးတိုးတက်စေသည်။

မိမိအလိုရှိရာ ဆုတောင်းပေးပါ။

အင်္ဂါနေ့ဖွားတွေ ဒီတစ်နှစ် စီးပွားဥစ္စာ တိုးတက်လိုပါက ...


ဝါးပင်တစ်ပင် စိုက်ပါ။ 🌱🌱🌱

စနေနေ့ မနက်ခင်း ၆ နာရီတိတိကနေ ၇ နာရီခွဲအတွင်း 

ရွှေရည်ငွေရည် လောင်းပြီး ပန်းအိုးလေးနဲ့ ဖြစ်စေ စတင် စိုက်ပျိုးနိုင်ပါတယ်။

✅အထားအသိုကတော့ အိမ်ရဲ့သို့မဟုတ်အခန်းရဲ့  တောင်ဘက်ခြမ်းမှာ ထားရင် ပိုမိုသင့်ပါတယ်။

✅အကယ်၍ ရွက်လှစိုက်မယ် ဆိုရင်တော့ အနောက်မြောက်ဘက်ထောင့်မှာ ထားပါ။ 

တကယ်တမ်းက ဒီတစ်နှစ်လို့ ဆိုရသည့်တိုင်အောင် 

အမြဲတမ်းအတွက်လည်း 

အင်္ဂါနေ့ဖွားတွေအတွက် အကျိုးစီးပွားပြု နံသင့်အပင် ဖြစ်ပါတယ်။

ပိုကောင်းတာက ဒီတစ်နှစ်မှာ စပြီးစိုက်ရင် 

အကျိုးစီးပွား ပိုမိုသိသာစွာ တိုးတက်ဖို့ အခွင့်အလမ်းများတာကြောင့်

👉လက်ရှိမြန်မာခုနှစ် ၁၃၈၅ အတွင်းမှာ စတင်စိုက်ပျိုးကြစေလိုပါတယ်။

နေ့စဉ်ပုံမှန် ရေလောင်း၊ ရှင်သန်အောင် ဂရုစိုက်ပေးရပါတယ်။

ယုံသည်ရှိ မယုံသည်ရှိ... အပင်လေးကို ဂရုစိုက်ပြီး..စိုက်ပျိုးကြည့်ပါခင်ဗျား။

ကျွန်တော်ကိုယ်တိုင်လည်း အင်္ဂါနေ့ဖွားမို့ ....စိုက်ပျိုးထားသည် ဖြစ်ပါကြောင်း။

အားလုံးသော စာဖတ်သူ မိတ်ဆွေများ ကျန်းမာချမ်းသာခြင်း ရှိကြပါစေ။


Monday, March 6, 2023

ဘေးကင်းရန်ကွာ သံပရာစီရင်နည်း

 



တခါတလေ မိသားစုထဲမှာ ဟိုလူက အလုပ်အကိုင် မကောင်းလိုက်၊ ဒီလူက ကျန်းမာရေး ချူချာလိုက်၊ ဟိုလူက လူမှုရေးပြဿနာ ဖြစ်လိုက်၊ ဒီလူက မတော်တဆမှု ဖြစ်လိုက်နဲ့ တစ်အိမ်သာလုံး ကံနိမ့်သလို ဖြစ်တတ်ပါတယ်။ အဲ့လိုမျိုး အိမ်သူအိမ်သားတွေ တစ်ခုပီးတစ်ခု အညံ့အဆိုး ကြုံရတာကို အိမ်ပူတယ်လို့လည်း ခေါ်ကြပါတယ်။

အဲ့လိုမိသားစုလိုက် ကံနိမ့်တာမျိုးကို ဖြေရှင်းဖို့အတွက် လွယ်လွယ်ကူကူနဲ့ထိရောက်တဲ့ မြန်မာ့လက်ဆန်းဗေဒင် အစီအရင်လေးတစ်ခု ကျွန်တော် ဒီမှာ ပြောပြချင်ပါတယ်။ အဆိုပါ အစီအရင်ကို လက်တွေ့လုပ်ဆောင်ပြီးတော့ ဘေးကင်းရန်ကွာပြီး ကောင်းကျိုးချမ်းသာ ဖြစ်ထွန်းသွားတဲ့သူတွေ များစွာ ရှိပါတယ်။

ဥစ္စာစီးပွားတိုး လာဘ်ခေါ်ဆန်မန်းအစီအရင်

  ---------------------------------------------------- နေ့စဉ်ဖြတ်သန်းနေရသော ဘဝတွင် ငွေကြေးအတွက်ပူပန်ကြောင့်ကြမှုများ ရှိနေကြတတ်သည်မှာ အမှန်ပ...